MP3 ကို ( ကြိုက်ရာဖုန်း / ကွန်ပြူတာ ) နှင့် ဖွင့်လိုက်ယုံနဲ့ စာသားနဲ့လာမှာဖြစ်ပါတယ်။ စာသားမပေါ်ဘူးဆိုသူများ ဒီမှာနှိပ်၍ သွားရောက်ဖတ်ရှုပါ :)
Thursday 8 May 2014
MP3 Lyrics စာတန်းထိုးထည့်နည်း
MP3 များကို စာသားထိုးခြင်း Cover ပုံထည့်ခြင်းများ လုပ်ဆောင်နည်း
>>> သတင်းစကား ။ ။ စာရေးတာ အတုံးတွေဖြစ်နေတယ် သိပ်အဆင်မပြေဘူးဆိုရင် 
ဒီမှာ ကျနော်အသစ်တင်ထားတဲ့ MusiBee ဆော့ဝဲကို သွားရောက်လေ့လာလိုက်ပါ 
ပိုပြီးလွယ်ကူသလို မြန်မာဖောင့်လဲ မြင်ရပါတယ် :)
http://myanmarmp3lyrics.blogspot.com/2014/05/musicbee-mp3.html
ကူညီပေးရန်  ။   ။  မိမိတို့ လုပ်ပြီးသော MP3 ကိုဖြစ်စေ ။ လိုချင်သော MP3 ကိုဖြစ်စေ 
Myanmar MP3 Lyrics Group မှာ လာရောက်တင်ပေးကြ တောင်းဆိုကြပေးဖို့ မေတ္တာရပ်ခံပါတယ် ။
Myanmar MP3 Lyrics Group သို့ https://www.facebook.com/groups/694937647219305/
အရမ်းကိုလွယ်ကူပါတယ် ထိုသို့လုပ်ဆောင်ဖို့ရန် မိမိကွန်ပြူတာမှာ MediaMonkey ဆိုတဲ့ ဆော့ဝဲလေးရှိထားဖို့ပဲ လိုအပ်ပါတယ် 
MediaMonkey ဆော့ဝဲကို မူရင်းလင့် ဒီမှာသွားရောက်ဒေါင်းယူပါ
ဆော့ဝဲကို အင်စတောလုပ်လို့ပြီးဆိုရင် ဖွင့်လိုက်ပါ ။ 
ပြီးရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်းတစ်ဆင့်ခြင်းဝင်သွားလိုက်ပါ
File ဆိုတဲ့စာကိုနှိပ်၍ Open URL or File.... ဆိုတာကိုနှိပ်ပြီး မိမိလုပ်လိုသော MP3 သီချင်းကို သွားရွေးပေးလိုက်ပါ ။
အထဲရောက်ရှိသွားတဲ့ မိမိ MP3 သီချင်းပေါ်ကို RightClick နှိပ်လိုက်ပြီး Properties ဆိုတဲ့စာကို ဝင်လိုက်ပါ ။
ထွက်ကြလာတဲ့ ဘောက်ရဲ့အပေါ်ဘားက Lyrics ထဲကို ဝင်လိုက်ပြီး အကွက်ထဲမှာ သီချင်းစာသားကို ထည့်လိုက်ယုံပါပဲ ။
( စာသားရေးတဲ့အခါမှာ မြန်မာဖောင့်မမြင်ရပါဘူး ဒါ့ကြောင့် Text ဖိုင် တစ်ခုခုမှာရေးပြီးမှ ထိုအကွက်ထဲကို စာသွားချပေးလိုက်ပါ )
Cover ပုံထည့်ချင်သေးတယ်ဆိုရင် Artwork ထဲကိုဝင်ပြီး Add နှိပ်ကာ ပုံထည့်နိုင်ပါတယ် ။
ပြီးရင်တော့ ( OK ) နှိပ်လိုက်ပါ ။ 
ထို MP3 ၏အတွင်းထဲတွင် စာတန်းထိုးပါဝင်ပြီးသား ဖြစ်သွားပါပြီ ။
ထိုစာတန်းထိုးပြီးသား MP3 သီချင်းကို ဖုန်းတို့ ကွန်ပြူတာတို့တွင် ဖွင့်တာနှင့် စာတန်းထိုးဖော်ပြနေတာကို တွေ့ရမှာဖြစ်ပါတယ် ။
ကွန်ပြူတာမှာ စာတန်းထိုးမပေါ်ဘူးဆိုသူများ ပုံတွင်ပြထားသည့်အတိုင်း Windows Media Player ပေါ်တွင် RightClick နှိပ်၍ Lyrics ဆိုတဲ့ထဲကို ဝင်လိုက်ပြီ On ထားပေးလိုက်ပါ ပြီးရင် MP3 ကို ပြန်ဖွင့်ကြည့်လိုက်ပါ စာတန်းထိုး ပေါ်နေတာကိုတွေ့ရပါမယ် :)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
iOS ဖုန်းကတော့ MP3 ကို ဖွင့်နားထောင်လိုက်တာနဲ့ စာတန်းထိုးနဲ့ ပေါ်နေတာကို တွေ့ရပါမယ် ။
Android ဖုန်း MP3 Player မှာလဲ Lyrics ပေါ်ဖို့ကို ဖက်ရှင်ပါဝင်ပြီးသားဖြစ်ပါတယ် Player Settings ထဲမှာ သွားရောက် On ပေးလိုက်ရင် ပေါ်လာမှာဖြစ်ပါတယ် ။ 
မပါဝင်ဘူးဆိုရင်တော့ Android တိုင်းအတွက် MP3 အတွင်းထဲကို Lyrics ထည့်ထားပြီးသား သီချင်းများကို စာတန်းပေါ်ပေးတဲ့ Rocket Player ကို မားကပ်မှာ သွားရောက်ဒေါင်းယူလိုက်ပါ ။
https://play.google.com/store/apps/details?id=com.jrtstudio.AnotherMusicPlayer
သီချင်းကိုဖွင့်လိုက်ပြီးရင် Settings ထဲကိုဝင်လိုက်ပြီး Show Embedded Lyrics ကို နှိပ်ပေးလိုက်ပါ စာသားပေါ်လာပါလိမ့်မယ် :)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(((( သီချင်းစာသားများကိုတော့ လူနာမည်အလိုက် ဒီမှာသွားရောက်ရှာဖွေ ဒေါင်းယူနိုင်ပါတယ် http://www.freemyanmarlyrics.com/ ))))
ကူညီပေးရန်  ။   ။  မိမိတို့ လုပ်ပြီးသော MP3 ကိုဖြစ်စေ ။ လိုချင်သော MP3 ကိုဖြစ်စေ 
Myanmar MP3 Lyrics Group မှာ လာရောက်တင်ပေးကြ တောင်းဆိုကြပေးဖို့ မေတ္တာရပ်ခံပါတယ် ။
ထို့မှ မြန်မာစာတန်းထိုးပြီး MP3 များကို တစ်စုတစ်စည်းထဲနဲ့ လိုချင်သူများ အဆင်ပြေသွားကြပါမှာ :)
Myanmar MP3 Lyrics Group သို့ https://www.facebook.com/groups/694937647219305/
အားလုံးပဲ အဆင်ပြေကြပါစေ..... :)
Post By : DjjoeMan(MMF)
13 comments:
  1. မြန်မာ ဖောင့်မမှန်တာ ကျတော့ ဘယ် လို့ လုပ်ရမလဲ ခင်ဗျ
    ReplyDelete
  2. computer( wmp ) မှာ လေးထောင့်တုံးတွေပဲပေါ်နေတယ်၊ အဲဒါဘယ်လိုလုပ်ရမလဲ ခင်ဗျ။ Plz!
    ReplyDelete
  3. J Fire ရဲ့ရင်​ခွင်​ပန်​ချီ ကို lyric နဲ့ လိုချင်​လို့ link ​ပေးပါလား
    ReplyDelete
  4. J Fire ရဲ့ရင်​ခွင်​ပန်​ချီ ကို lyric နဲ့ လိုချင်​လို့ link ​ပေးပါလား
    ReplyDelete
  5. This comment has been removed by the author.
    ReplyDelete
  6. IOSမှာစာသားမပေါ်တာဘယ်လိုလုပ်ရမလဲဗျ အစ်ကိုတို့
    ReplyDelete
  7. ကျေးဇူးပါဗျို့ အဆင်ပြေသွားပီ
    ReplyDelete
  8. Pc မှာ install လုပ်​လို့မရဘူးဖြစ်​​နေတယ်​ ဗျ
    ReplyDelete
  9. Pc မှာ install လုပ်​လို့မရဘူးဖြစ်​​နေတယ်​ ဗျ
    ReplyDelete
  10. A Sin Pyay Par Say
    Aung Ye Htike Feat. X Box
    အဲဒီသီချင်းကိုစာသားလိုချင်လို့ပါအစ်ကိုတို့
    ReplyDelete
  11. ကျွန်တော်ဆီမှာလဲ...မီဒီယာ ပလေယာ မှာ lyric တော့ ပေါ်တယ်..အတုံးလေးတွေ ဖြစ်နေတယ်.. အလင်းပြပါဦး.. ဘယ်လိုလုပ်ရမှာလဲလို့
    ReplyDelete
  12. အကိုရေ.. စာသားလည်း ထည့်ပြီးပြီ..
    အဲ့ဒါပြီးတော့ ရလာတဲ့ Lyrics ထိုးထားတဲ့ ဖိုင်ကို ဘယ်ကနေ ဘယ်လို Output လုပ်မှန်း မသိလို့ဗျ..။
    ReplyDelete
  13. ဆွဲကြိုး lyrics ​လေးလုပ်​​ပေးပါအူး
    ReplyDelete